စကော့တလန်နိုင်ငံမှ ထုတ်လုပ်သော Blended ဝီစကီ ဖြစ်သည့် Ballantine’s Blended Scotch Whisky များအား ၁၈၂၇ ခုနှစ် တွင် George Ballantine ပုဂ္ဂိုလ်မှ တည်ထောင်ထားသော George Ballantine & Son ကုမ္ပဏီတွင်စတင်ထုတ်လုပ်ခဲ့ပါသည်။ ။ George Ballantine ၏သားများဖြစ်တဲ့ George II, Archibals, Daniel နှင့် မြေးဖြစ်သူ George III တို့မှ အဆင့်ဆင့်လက်ကမ်းခဲ့သည့် နာမည်ကြီး Blended Scotch ဝီစကီဖြစ်ပါသည်။
Ballantine’s ကုမ္ပဏီ၏ နာမည်ကျော်ကြားမှုကြောင့် Queen Victoria ရဲ့ Royal Warrant ၏ ၁၈၉၅ ခုနှစ်တွင် ချီးမြှင့်ခြင်း ခံထားရပြီး ယနေ့ နေ့စဉ် ပုလင်းပေါင်း (၂) သိန်းရောင်းချနေရပါသည်။ လက်ရှိတွင် Pernod Ricard ကုမ္ပဏီက ပိုင်ဆိုင်ပြီး၊ စကော့တလန်နိုင်ငံ Dumbarton မှာ ထုတ်လုပ်နေပါသည်။
Reviews
There are no reviews yet.